Main menu

အခြေခံလူတန်းစားများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဆန်စက်ပိုင်ရှင် / ဆန်ကုန်သည်များက ရောင်းချပေးလျက်ရှိ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရန်နှင့် ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ ပုသိမ်မြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းနှင့် မြို့နယ်ဆန်ကုန်သည်များအသင်းတို့ပူးပေါင်း၍ ပုသိမ်မြို့၊ အောင်ဧရာအခွန်လွတ်ဈေး၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၃၀ရက်နေ့တွင် ဆန် ၁ပြည်လျှင် ၂၅၀ဝိ/-ကျပ်ဈေးဖြင့် လူတစ်ဦးလျှင် ဆန် ၁ပြည်နှုန်းဖြင့် ဧည့်မထဆန်အိတ်ရေ ၂၀အိတ်၊ ဩဂုတ်လ ၃၁ရက်နေ့တွင် ဆန်အိတ်ရေ ၁၀အိတ်၊ စက်တင်ဘာလ ၁ရက်နေ့တွင်  အိတ်ရေ ၁၅အိတ်နှင့် စက်တင်ဘာလ ၂ရက်နေ့တွင် အိတ်ရေ ၁၅အိတ်နှင့် ၄ရက်တာအတွင်း စုစုပေါင်းအိတ်ရေ ၆၀အိတ်ရောင်းချခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ခရိုင်ဦးစီးမှူးရုံးမှလည်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်၊၊

DOCA(ဧရာဝတီ)