ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အစည်းအဝေးခန်းမ၌ စားအုန်းဆီတည်ငြိမ်ကျဆင်းရေးအတွက် ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးက ဦးဆောင်ကျင်းပခဲ့ရာ ဆန်နှင့်ဆီမှာ မရှိမဖြစ်စားသုံးရန်လိုအပ်ပြီး အခြေခံစားသုံးသူပြည်သူများ အခက်အခဲမရှိစေရေးအတွက် သင့်တင့်မျှတသည့် အမြတ်အစွန်းရရှိပြီး ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ပါသည်၊၊
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က အများပြည်သူစားသုံးရန် ခွဲဝေချထားပေးသော စားအုန်းဆီပိဿာ ၃၃၀၀ကို ဈေးကား ၆စီးဖြင့် ခရိုင်အလိုက် ရောင်းချလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ ဖြန့်ဖြူးရောင်းချပေးသော စားအုန်းဆီပေပါ ၂၀၀ကို တစ်ခရိုင်လျှင် ၂၅ပေါပါနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်၊၊
ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက မိမိတို့ခရိုင်အတွင်း ဆီရရှိမှု/ ဖြန့်ဖြူးရောင်းချမှု/ အားသာချက်၊ အားနည်းချက်နှင့်လိုအပ်ချက်များကို ဆွေးနွေးခဲ့ပြီး စီးပွားရေးရာဝန်ကြီးက စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များရှင်းလင်းပြောကြားခဲ့ပါသည်၊၊
DOCA(ဧရာဝတီ)