Main menu

ဓနုဖြူဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၃) ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။                                                              

  အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုး(ဦးစီးအရာရှိ)က ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အကြောင်း ရှင်းလင်းဆွေးနွေးပြီးနောက် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားအကြောင်းတို့ကိုရှင်းလင်းဆွေးနွေးပြီး စားအုန်းဆီ(ဘူးဆီ)များနှင့်ပတ်သက်၍   မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများနှင့် FDA ၏ ထောက်ခံချက်အမှတ်အသားပါသော စားသုံးဆီ(ဘူးဆီ)များကိုရောင်းချကြရန်နှင့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည်ဆိုလျှင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်( ၇ )ချက်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသော ကုန်စည်များရောင်းချခြင်းမပြုကြရန်တို့ကိုပြောကြားခဲ့ပြီး ဆီများကိုရောင်းချရာတွင် Zabu Kan Tun Trading Co.,Ltd မှ ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချပေးသောစားအုန်းဆီများ ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခအပါအဝင် ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း၊ အလေးချိန်မှန်ကန်စွာရောင်းချပေးခြင်း၊ စနစ်တကျဝယ်ယူ/ ရောင်းချခြင်းများကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဟောပြောဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၆)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)