မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ဖူစားပြောင်းစိုက်ဧက(၂၅၀၄)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်အထိ ပြောင်းဖူးရိတ်သိမ်းဧက (၃၉၉) ဧကရိတ်သိမ်းပြီးစီးပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် (၈၁၃၃)ဖူးထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပြောင်းဖူးစိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၆၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ ခရိုင်အတွင်း အများဆုံးစိုက်ပျိုးသောမြို့နယ်များမှာ ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသောပြောင်းဖူးမျိုးများမှာ သကြားပြောင်း၊ ထောပတ်ပြောင်းတို့ကိုစိုက်ပျိုးကြကြောင်း၊ ယခုလက်ရှိ ပြောင်းဖူးဖောက်သည်စျေးအနေဖြင့် တစ်ဖူးလျှင် (၁၈၀/-)ကျပ်၊ လက်လီ၃ဖူးလျှင် (၁၀၀၀/-)ကျပ်၊ ပြုတ်ပြီးသောပြောင်းဖူး(၁)ဖူးလျှင် (၅၀၀/-)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပြီး ပြောင်းဖူးစားသုံးခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြောင်းဖူးကိုသားရေစာအနေဖြင့် စားသုံးကြပါသည်။ ထို့ပြင် ပြောင်းဖူးသီးနှံသည် တခြားဟင်းသီးဟင်းရွက်များထက် အာဟာရဓာတ်ပိုမိုပါဝင်ပြီး ကြော်စားခြင်းထက် ပြုတ်၍သုပ်စားပါက ပိုမိုအကျိုးရှိကြောင်း လေ့လာသိရှိရပါသည်။ ပြောင်းဖူးစိုက်ပျိုးမှုဖြင့် တောင်သူများအကျိုးအမြတ်ပိုမိုရရှိသဖြင့် မိသားစုစားဝတ်နေရေးပြေလည်ကြောင်း ပြောင်းဖူးစိုက်ပျိုးသူတောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)