မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငါးဒိုင်၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း ရောင်းချလျက်ရှိသောငါးအမယ်များမှာ ငါးတန်၊ ငါးရွှေကြီး၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ တီလားပီးယား၊ ကင်းမွန် (အကြီး)၊ ကကတစ်၊ ငါးကွမ်းရှပ်၊ ငါးကြင်းဖြူ၊ ပလာတူး၊ ငါးနှပ်၊ ငါးပုလွေ၊ ပုစွန်ပျော့(အကြီး)၊ ပုစွန်ပျော့(အသေး)၊ ပုစွန်ထုပ်(အစိမ်း)ရေချို၊ ရေဘဝဲ၊ ပလာတူးတို့ရောင်းချကြောင်းသိရသည်။
ယင်းအမယ်မျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ ငါးတန်တစ်ပိဿာလျှင် ကျပ်၄၀၀၀၊ ငါးရွှေကြီးတစ်ပိဿာလျှင် ကျပ်၁၁၈၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျင် ကျပ်၇၀၀၀၊ ငါးသလောက်တစ်ပိဿာလျှင် ကျပ်၁၁၅၀၀၊ တီလားပီးယားတစ်ပိဿာလျှင် ကျပ်၈၅၀၀၊ ကင်းမွန်(အကြီး) တစ်ပိဿာလျှင် ကျပ်၂၇၀၀၀၊ ကင်းမွန်(အလတ်) တစ်ပိဿာလျှင် ကျပ်၂၅၀၀၀၊ ကင်းမွန်(အသေး) တစ်ပိဿာလျှင် ကျပ်၂၀၀၀၀၊ ကကတစ်တစ်ပိဿာလျှင် ကျပ်၁၆၅၀၀၊ ငါးကွမ်းရှပ်တစ်ပိဿာလျှင် ကျပ်၁၅၀၀၀၊ ငါးကြင်းဖြူတစ်ပိဿာလျှင် ကျပ်၁၁၂၀၀၊ ပလာတူးတစ်ပိဿာလျှင် ကျပ်၇၀၀၀၊ ငါးနှပ်တစ်ပိဿာလျှင် ကျပ်၅၀၀၀(အသေး)မှ ကျပ်၇၀၀၀(အကြီး)၊ ငါးပုလွေတစ်ပိဿာလျှင် ကျပ်၇၅၀၀၊ ရွှေငါးတစ်ပိဿာလျှင် ကျပ်၅၃၀၀၊ ပုစွန်ပျော့(အကြီး) တစ်ပိဿာလျှင် ကျပ်၂၁၂၀၀၊ ပုစွန်ပျော့(အသေး) တစ်ပိဿာလျှင် ကျပ်၁၈၄၀၀၊ ပုစွန်ထုပ်(အစိမ်း)ရေချို(အကြီး) တစ်ပိဿာလျှင် ၆၂၀၀၀ကျပ်၊ ပုစွန်ထုပ်(အစိမ်း)ရေချို(အလတ်) တစ်ပိဿာလျှင် ၄၇၀၀၀ကျပ်၊ ပုစွန်ထုပ်(အစိမ်း) ရေချို(အသေး)တစ်ပိဿာလျှင် ၃၉၀၀၀ကျပ်၊ ရေဘဝဲတစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ပလာတူး တစ်ပိဿာလျှင် ၄၈၀၀ကျပ်ဖြစ်ကြောင်းသိရသည်။ ၎င်းငါးဈေးနှုန်းများသည် အပတ်စဉ်အလိုက် အပြောင်းအလဲရှိနိုင်ကြောင်းသိရှိရပါသည်။
DOCA(မွန်)