Main menu

ရသေ့တောင်မြို့ပေါ်ရှိ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များနှင့်မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်ဦးစီးမှူး ဒေါ်မအေးသန်း၊ ရသေ့တောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်ထွန်းရွှေ (အကြီးတန်းစာရေး)တို့က မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသောဆန်ဆိုင်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့သွားရောက်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပုံမှန်ဈေးနှုန်းများထက်ပို၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဦးတင်ထွန်းရွှေ(အကြီးတန်းစာရေး)က ကုန်စုံဆိုင်ပိုင်ရှင်တို့လိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်များရောင်းချရာတွင် (FDA) ထောက်ခံချက်ရရှိသော ကုန်စည် များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့်ကုန်စည်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)