Main menu

ကရင်ပြည်နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ ဈေးကွက်အခြေအနေ

Powered by Drupal

   ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်) အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေများကို ဘားအံမြို့၊ ကျော်စိုး(ပဲပွဲရုံ)သို့ ကွင်းဆင်းလေ့လာမေးမြန်းခဲ့ရာ ပဲမျိုးစုံ၏ ၁ပိဿာဈေးနှုန်းများမှာ ထောပတ်ပဲ ၆၅၀၀/-ကျပ်၊ ပဲလွန်းဖြူ ၃၀၀၀/-ကျပ်၊ ဘိုကိတ် ၃၆၀၀/-ကျပ်၊ ပဲပုတ် ၃၃၀၀/-ကျပ်၊ မတ်ပဲ ၃၈၀၀/-ကျပ်၊ ပဲတီ‌ရွှေဝါ ၃၆၀၀/ကျပ်၊ ပဲတီစိမ်း ၃၃၀၀/-ကျပ်၊မြေပဲဆန် ၁၀၀၀၀/-ကျပ်၊ နှမ်း(ကိုင်း) ၇၀၀၀/-ကျပ်၊ နှမ်း(တောင်ယာ) ၈၀၀၀/-ကျပ်ဖြစ်ကြောင်းသိရသည်။

     ဈေးကွက်အနေဖြင့် ပဲလွန်းဖြူ၏ဈေးနှုန်းမှာ တည်ငြိမ်နေပြီး ကျန်ပဲများ၏ ဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ကရင်)