မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးဆီကုန်သည်များအသင်းမှ မင်းကံကြီးရပ်ကွက်နှင့် ဆုံရပ်ကွက်ရှိ ပြည်သူများသို့ (၉-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် စားသုံးဆီရောင်းချပေးရာနေရာသို့သွားရောက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ထူး၊ စားသုံးသူရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ ခရိုင်/ မြို့နယ်စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ဝင်တို့က သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး စိစစ်ကြပ်မတ်ခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ လုပ်ငန်းရှင်ဒေါ်အေးအေးဝင်း၏ “ပါရမီ” စားသုံးဆီဆိုင်အရောင်းဆိုင်နှင့် လုပ်ငန်းရှင် ဒေါ်စန်းနွဲ့၏ “ စံပယ်ဦး” စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ပြည်သူများအား စားသုံးဆီရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
(၆-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင်လည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်ဆန်ကုန်သည်အသင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မကွေးမြို့၊ သိင်္ဂဂီရိရပ်ကွက်ရှိ “သီရိမင်္ဂလာ” ဓမ္မာရုံရှေ့တွင် ဆန်(၁)ပြည်လျှင် ကျပ်(၂၆၅၀)၊ စာအုန်းဆီ (၁)ပိဿာ လျှင် ကျပ်(၄၅၀၀)ဖြင့် အိမ်ထောင်စု(၁၁၀၀)စုအတွက် ဆန်(၃၀၀)ပြည်၊ စားအုန်းဆီ(၁၁၀၀)ပိဿာတို့ကိုလည်းကောင်း၊ မင်္ဂလာဈေးရှေ့တွင် အိမ်ထောင်စု(၁၁၀၀)စုအတွက် စားအုန်းဆီ(၁၁၀၀)ပိဿာ၊ ဆန်(၇၂၀) ပြည်တို့ကိုလည်းကောင်း၊ ဆားရွှေကင်းရပ်ကွက်ရှိ “ကင်းကျောင်း” ဓမ္မာရုံရှေ့တွင် အိမ်ထောင်စု (၅၅၀)စုအတွက် ဆန်(၁၈၀)ပြည်၊ စားအုန်းဆီ(၅၅၀)ပိဿာနှင့် မယ်လှတောင်ကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာ၊ ရွာလယ်ဓမ္မာရုံရှေ့တွင် အိမ်ထောင်စု(၅၅၀)စုအတွက် စားအုန်းဆီ(၅၅၀)ပိဿာတို့ကိုလည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု (၃၃၀၀)စုအား ဆန်(၁)ပြည်၊ စားအုန်းဆီ(၁)ပိဿာနှုန်းဖြင့် ဈေးနှုန်းသက်သာစွာ တိုက်ရိုက်ရောင်းချပေးခဲ့ရာ ဆန်(၁၂၀၀)ပြည်၊ စားအုန်းဆီ(၃၃၀၀)ပိဿာရောင်းချပေးနိုင်ခဲ့ပါသဖြင့် နေ့စဉ် လူမှုစီးပွားဘဝအထောက်အပံ့ဖြစ်စေနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)