ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် အညာဒေသမှ စိုက်ပျိုးထွက်ရှိသောပဲများမှာ ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲကြီး၊ ပဲယင်း၊ ပဲနီပြား၊ ပဲလွန်းပြာ၊ စွန်တာနီ စသည့်အခြားပဲမျိုးစုံများစိုက်ပျိုးလျက်ရှိပါသည်။ အညာဒေသ၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံနီမှာ ဈေးကောင်းရနေကြောင်း ပခုက္ကူကုန်စည်ဒိုင်မှသိရှိရပါသည်။ ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းများမှာ (၂၈-၈-၂၀၂၃)ရက်နေ့တွင် ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ်(၁၀၉၅၀၀)၊ (၂၉-၈-၂၀၂၃) ရက်နေ့၌ တစ်တင်းလျှင် ကျပ်(၁၁၁၄၀၀)နှင့် (၁-၉-၂၀၂၃) ရက်နေ့နှင့် (၂-၉-၂၀၂၃)ရက်နေ့တွင် တစ်တင်းလျှင် ကျပ်(၁၂၃၀၀၀-၁၂၄၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ စက်တင်ဘာလ (ပထမပတ်) တွင် ကုန်စည်ဒိုင်၌ ပဲစဉ်းငုံနီ၊ ပဲတီစိမ်းအမျိုးမျိုး၊ ပဲလွန်းပြာနှင့် နှမ်းမျိုးစုံတို့အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။ ပဲတီစိမ်းသေးတစ်တင်းလျှင် ကျပ်(၆၁၀၀၀)၊ ပဲလွန်းပြာတစ်တင်းလျှင် ကျပ်(၆၁၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းညိုတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူကုန်စည်ဒိုင်မှသိရှိရပါသည်။
ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသောအိတ်ရေများမှာ ပဲစဉ်းငုံနီ(၂၅၀၀)အိတ်၊ ပဲတီစိမ်းသေး(၇၅၀)အိတ်၊ နှမ်းဝါ(၅၀၀)အိတ်၊ နှမ်းညို(၇၀၀)အိတ်ဖြစ်ခဲ့ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် အိန္ဒိယ၊ တရုတ်နိုင်ငံများသို့တင်ပို့ကြောင်း ကုန်သည်များထံမှသိရှိရပါသည်။
DOCA(မကွေး)