Main menu

မကွေးမြို့၊ မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign နှင့် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   မကွေးမြို့နယ်အတွင်း အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှု‌လျော့ချ‌ရေး Campaign ဆောင်ရွက်လျက်ရှိရာ (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာစျေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး မကွေးမြို့၊ မြို့မစျေးရှိ ဆေးနှင့်ဖြည့်စွက်စာအရောင်းဆိုင်များသို့သွားရောက်၍ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိနှင့် သတ်မှတ်အစားအသောက်တွင် ဖော်ပြပါရှိရမည့်အချက်အလက်များ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)