Main menu

ပခုက္ကူမြို့၊ အထက်တန်းကျောင်း၌ ကုန်အညွှန်းအမှတ်အသားရွေးချယ်တတ်စေရေး ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁၁)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၂၁၃) ဦးနှင့် ဆရာ/ ဆရာမ (၇) ဦး စုစုပေါင်း (၂၂၀) ဦးတက်ရောက်ခဲ့ကြပါသည်။

    ဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဝါဝါကြည်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူများရရှိသည့်အခွင့်အရေး (၈) ချက်နှင့်  စားသုံးသူများလိုက်နာရမည့်တာဝန် (၄)ချက်အကြောင်း၊ ယခုကဲ့သို့သိရှိမှသာ မိမိတို့ရရှိမည့်အခွင့်အရေးများကိုတောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် လိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန်လိုအပ်ကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်အကြောင်း၊ ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာ သုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့် တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများအနေဖြင့် အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများတွင် တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းများနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာကြသည့် ကျောင်းသား/ သူများနှင့် ဆရာ/ မများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးဆိုင်၌ စားသုံးရန်မသင့်သည့်အစားအသောက်များရောင်းချခြင်းရှိ/ မရှိကိုလည်း ကျောင်းအုပ်ဆရာမကြီးနှင့်အတူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)