Main menu

ဂန့်ဂေါ်မြိုင် မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြိုင် အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ(၁၀၀) ဦးနှင့် ဆရာ/မ (၅) ဦး၊  စုစုပေါင်း(၁၀၅)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါ ဟောပြောပွဲတွင် မင်းပြားမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု-ဦးစီးမှူး) က ကျောင်းသား/သူများ စားသုံးသူအခွင့်အရေးများကိုသိရှိစေရန်အတွက် ဦးစွာပထမ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး သက်တမ်းကုန်ဆုံးနေသော အစားအသောက်များကိုဝယ်ယူမစားသုံးကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုမရှိသော ကုန်စည်များကိုဝယ်ယူမသုံးစွဲကြစေရန်အလို့ငှာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)