စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး) သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစားစက်မှုလက်မှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍( ၁၂-၉-၂၀၂၃ )ရက်နေ့တွင် ဗန်းမော်မြို့ရှိ ဆေးပစ္စည်းအရောင်းဆိုင်နှင့် စတိုးဆိုင်(၆)ဆိုင်တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသော ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုး၏ ကုန်အညွှန်းအမှတ်အသားအဖြစ် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြထားရှိမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များဖော်ပြထားမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းနှင့်စပ်လျဥ်း၍ ဖော်ပြရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုပါ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)