ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၂-၉-၂၀၂၃) ရက်နေ့တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ စားအုန်းဆီဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ စားသုံးဆီဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) ကို တိတိကျကျလိုက်နာဆောင်ရွက်သွားရန်၊ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဥ်း၍ စားသုံးသူလက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း စသည့်အာမခံချက်များကိုပေးအပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)