ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှ (၈)ရက်နေ့ (ပထမပတ်)အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၂)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းခွဲခန့်၊ ကုန်စည်ဒိုင်တွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ(၃)သိန်းခန့်စီးဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
စက်တင်ဘာလ(ပထမပတ်)အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ်(၃၁၀၀-၂၇၀၀)၊ အလတ်စ ကျပ်(၂၉၀၀-၂၅၀၀)၊ အနိမ့်ဈေး ကျပ်( ၂၈၅၀-၂၄၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်အပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၃၂၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုပပတ်တွင် ထိပ်စ (ရှယ်) ကျပ်(၁၅၀)၊ အလတ်စ ကျပ်(၂၀၀)နှင့် အသေးစ ကျပ်(၃၀၀) ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
စက်တင်ဘာလ(ပထမပတ်)၌ ကြ ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ရခြင်းမှာ မိုးတွင်းကာလဖြစ်၍ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်ကျမှုများခြင်းနှင့် ပြည်တွင်းသို့ ပြည်ပတရုတ်နိုင်ငံမှ ကြက်သွန်နီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်ခြင်းကြောင့် ဈေးအနည်းငယ်ကျဆင်းကြောင်း ဈေးကွက်မှသိရှိရပါသည်။
ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးစီးဆင်းလျက်ရှိပြီး ပြည်ပတင်ပို့မှုနည်းကြောင်း ကြက်သွန်နီဈေးကွက်မှသိရှိရသည်။ ယခုစက်တင်ဘာလ(ပထမပတ်)အတွင်း ကြက်သွန်နီစုစုပေါင်း ပျမ်းမျှပိဿာ(၃)သိန်းခန့်၊ (၁၀၀၀၀)အိတ်၊ တန်ချိန်(၄၉၀)ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)