Main menu

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

Powered by Drupal

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသော်လည်း စွန်တာနီ/ပြာပဲ သည် ယခင်နှစ်ကထက် အနည်းငယ် ဈေးကျနေပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်း သတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၈၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၂၅၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ခြောက်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးထောင်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် ကျပ် ၇၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၃၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၉၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ) ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၈၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်း ခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်ထောင် ကျဆင်းခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၂၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် လေးသောင်းခွဲခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၇ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၇၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၁၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၆၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၀၀၀၊ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၉၀၀၊ တစ်ပိဿာလျှင် ကျပ် ခုနှစ်ရာမှ ရှစ်ရာအထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၉၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၀၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၅၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၈၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ဒုတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော် အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)