စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၀၀၀၀၀ ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၁၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀-၁၃၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၃၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၄၆၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ မှ ၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၇၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၃၄၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၈၀၀၀ မှ ၈၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၉၀၀၀ မှ ၉၅၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၂၆၀၀ မှ ၂၇၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀ မှ ၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၂၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း) ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ)လျှင် ၁၀၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၆၀၀၀ မှ ၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀ မှ ၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀ မှ ၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံး လျှင် ၁၀၀၀-၃၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။
ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သော အာလူး၊ ငရုတ်ခြောက် ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပါကြောင်း၊ ပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီဈေးနှုန်းများ အနည်း ငယ်ကျဆင်းနေပါကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ မိုးသီးနှံများဖြစ်သော မြေပဲနှင့် နှမ်းသီး နှံများ စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက် ဈေးအနည်းငယ်ကျဆင်းလာပါကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်း အလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ လက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)