Main menu

မကွေးမြို့နယ်၊ ဆန်စပါးကုန်သည်များအသင်းသည် ဆဋ္ဌမအကြိမ်မြောက် ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ကြီးကြပ်၍ မကွေးမြို့နယ်၊ ဆန်စပါးကုန်သည်များအသင်းအနေဖြင့် (ဆဌမအကြိမ်မြောက်) မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်များရောင်းချပေးခြင်းကို (၁၁-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးမြို့၊ ဆုံရပ်ကွက်၊ သီလမဂ္ဂင်ဓမ္မာရုံရှေ့၌ ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ ရောင်းချပေးရာတွင် သီးထပ်ဇီယာ(၉၅%)ဆန်တစ်ပြည်လျှင် ကျပ်(၂၅၀၀)နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၂၀)၊ လူဦးရေ (၄၈၀)အား ရောင်းချပေးခဲ့ပြီး မကွေးမြို့နယ်ဆန်စပါးကုန်သည်များအသင်းသည် ပထမအကြိမ်အဖြစ် (မကွေးမြသလွန်ဘုရား) ညနေစျေး၌လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် (နံကပ်ကျွန်း)ကျေးရွာအုပ်စု၌လည်းကောင်း၊ တတိယအကြိမ်အဖြစ် (ရန်ပယ်စျေး)၌လည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် သိင်္ဂါ(မင်္ဂလာစျေး)၌လည်းကောင်း အသီးသီးရောင်းချပေးခဲ့ကြောင်းနှင့် ဆက်လက်၍လည်း သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)