မကွေးမြို့၊ ကန်သာစျေး၌ မြို့ပေါ်ရှိစျေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မြင်းကင်း၊ ချောင်းဖြူ၊ မကျီးကန်ကျေးရွာ၊ နွားကူးရွာ၊ သန်းတောကုန်းကျေးရွာ၊ ပုထိုးစမ်းကျေးရွာဘက်တို့မှ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
မကွေးမြို့၊ ကန်သာစျေးတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)အတွင်း ရောင်းချလျက်ရှိသောစျေးနှုန်းများမှာ ငါးကြင်း (မျက်ဆံနီ) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးကြင်းဖြူ(ခုတ်သား) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပုစွန်အကြီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀-၂၂၀၀၀)၊ ငါးဖယ်ခြစ် (၁၀)ကျပ်သားလျှင် ကျပ်(၂၅၀၀)၊ ကြက်သား (CP) အသား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက် (CP) ပေါင် (၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၂၀၀-၂၅၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၂၀၀-၃၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် ကျပ် (၉၀၀၀)၊ ကုလားပဲခြမ်း (၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ချဉ်ပေါင် (၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ပဲပင်ပေါက် (၁)ပိဿာလျှင် ကျပ် (၁၀၀၀)၊ ပဲသီး (၁)ထုံးလျှင် ကျပ်(၂၀၀၀)၊ ဂေါ်ဖီ (၁)ထုပ်လျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ရုံးပတီသီး (၁)ပိဿာလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ကင်ပွန်းချဉ် (၁)စည်းလျှင် ကျပ်(၂၀၀)၊ မျှစ်ချို (၁)ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀)၊ ခါကြက်ဥ (ထိုင်ဝမ်) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ပန်းမုန်လာ (၁)ပွင့်လျှင် ကျပ် (၁၅၀၀-၂၀၀၀)၊ မုန်လာဥ (၁)စည်းလျှင် ကျပ်(၄၀၀-၅၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)