Main menu

သပြုဒေသတွင် စီးပွားဖြစ်ထွန်းနေသော MSMEs လုပ်ငန်းဖြစ်သည့် သတ္တုကုန်ချောလုပ်ငန်း

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာသည် သတ္တုကုန်ချောပစ္စည်းများကို သက်တမ်း(၁၀၀)ကျော်   မိရိုးဖလာလုပ်ငန်းအဖြစ် ရွာလုံးကျွတ်နီးပါး လုပ်ကိုင်ဆောင်ရွက်သည့် ကျေးရွာတစ်ရွာဖြစ်ပါသည်။ ကုန်ကြမ်းပစ္စည်းများဖြစ်သော သံ၊ သတ္တုပစ္စည်းအဟောင်းများ၊ ကျောက်မီးသွေး၊ ရေနံချိုး၊ မီးသွေးနှင့် ဒီဇယ်ဆီတို့ကို ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက်ကံမြို့၊ ဘုရင့်နောင်၊ တောင်ဒဂုံ၊ စော်ဘွားကြီးကုန်းမှရရှိပါသည်။ လုပ်ငန်းတစ်ခုလျှင် လုပ်သားဦးရေ(၁၀)ဦးမှ (၂၀)ဦးခန့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ နေအိမ်များတွင် အသုံးပြုနေသော မိုးဗြဲဒယ်၊ သတ္တုဒယ်ဆိုဒ်စုံ ၊ သတ္တုငရုတ်ဆုံ၊ မော်တာပန်ကာဒလက်၊ ကားလက်ကိုင်ဂျက်၊ ဆိုင်ကယ်ခြေနင်း စသည့်ပစ္စည်းများကို သဲပုံလောင်းနည်းပညာဖြင့် ထုတ်လုပ်ပေးလျက်ရှိပါသည်။ လုပ်ငန်းလုပ်ကိုင်သူ (၁၀၀)ကျော်ခန့်ရှိပြီး ထိုလုပ်ငန်းများမှ အလုပ်သမားဦးရေ (၇၀၀) ဦးကျော်ခန့်အလုပ်အကိုင်ရရှိလျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မော်လမြိုင်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး  ဒေသတွင်းပြပွဲများနှင့် နိုင်ငံတော်အဆင့်ပြပွဲကြီးများတွင် ပါဝင်ပြသနိုင်သည့်အတွက် လူသိများသည့်ထုတ်ကုန် တစ်မျိုးဖြစ်ပြီး ဈေးကွက်လည်းပိုမိုရရှိလာကြောင်းသိရှိရပါသည်။ လုပ်ငန်းများရေရှည်ရပ်တည်နိုင်စေရန်နှင့် ဒေသတွင်း MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း သက်ဆိုင်ရာဌာနများက MSMEs ချေးငွေများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းဒေသအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)