Main menu

ရေတာရှည်မြို့နယ်ရှိ ဆီစက်ပိုင်ရှင်များ၊ ဆီကုန်သည်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့တွင် ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ စားသုံးဆီ‌ဈေးနှုန်းတည်ငြိမ်ရေးအတွက် ရေတာရှည်မြို့နယ်ရှိ ဆီစက်ပိုင်ရှင်များ၊ ဆီကုန်သည်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ ဆွေးနွေးခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံဦးဇော်ဇော်ထွေးက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ စားသုံးဆီအပါအဝင် စားသောက်ကုန်များကို အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်ထားရာ ၎င်းကုန်စည်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းမပြုရန် တားမြစ်ထားပါသဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုရန် ဆွေးနွေးခဲ့ပါသည်။

    မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန့်စင်ငြိမ်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးကျော်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ တင်ပြဆွေးနွေးချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရေတာရှည် မြို့နယ်မှ ဆီစက်ပိုင်ရှင်နှင့် ဆီကုန်သည် ၁၈ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)