စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၆ရက်နေ့၊ နံနက် (၇:၀၀)နာရီအချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်ဦးဆောင်၍ တောင်ငူမြို့နယ်၊ ညောင်ပင်ဈေးတွင် ရောင်းချလျက်ရှိသော အစားအသောက်များ၌ စားသုံးရန်မသင့်သည့် ဓာတုပစ္စည်းများပါဝင်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးရာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် ဈေးအတွင်းရောင်းချလျက်ရှိသော ပဲပြား၊ ပဲသွေး၊ အမဲသွေးခဲ၊ ကြက်သွေးခဲများကို နမူနာကောက်ယူပြီး Mobile Laboratory Micro Bus ဖြင့် ဖော်မလင်ကဲ့သို့သော စားသုံးရန်မသင့်သည့် တာရှည်ခံဓာတုဆေးများပါဝင်မှုရှိ/မရှိကို စမ်းသပ်စစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်အစားသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင် ဌာနဆိုင်ရာများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)