Main menu

စားသုံးသူကာကွယ်ရေးဉပဒေပါ သိကောင်းစရာများ Talk Show ကျင်းပပြုလုပ်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ် တွင် နိုဝင်ဘာလ (၁၉)ရက်နေ့၊ သဲကုန်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့တွင် နိုဝင်ဘာလ(၂၂)  ရက်နေ့၊ ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် နိုဝင်ဘာလ (၂၄) ရက်နေ့ တို့တွင် လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် စားသုံးသူကာကွယ်ရေး ဉပဒေပါ အကြောင်းအရာ များအား အများပြည်သူတို့ သိရှိလိုက်နာနိုင်စေရေး အတွက်  ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ Talk Show အစီအစဉ်များပြုလုပ်  ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ Talk Show များတွင်ပဲခူးတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင် အတွင်းရှိ မြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏  တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှု များအပေါ် အာမခံချက်ပေးရမည့် အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၈)ပါ ကုန်စည်များအပေါ်တွင် ကုန်အညွှန်း အမှတ်အသားများဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များ နှင့်အညီ ဖော်ပြပါရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် အများပြည်သူ သိရှိစေရန် ပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို ကုန်အညွန်း အမှတ်အသားများနှင့်အညီ ထုတ်လုပ်သင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား အတည်ပြုပေးမှုအား လျှောက်ထားကြရန်နှင့် လျှောက်ထားရန်လိပ်စာများပြောကြားခဲ့ပြီး  ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူတို့    ထိခိုက်နစ်နာမှုများ ရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ ဆက်သွယ် တိုင်ကြား နိုင်မည့်    ဖုန်းနံပါတ်နှင့် လိပ်စာတို့အား အသိပေး ပြောကြားခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)