ပြည်ပဲဈေးကွက်၌ မိုးပဲတီစိမ်းသစ်များမှာ အဝင်ဆက်ရှိနေသော်လည်း တစ်ရက်လျှင် အိတ် (၁၀၀/၁၅၀ )ခန့်သာဝင်ရောက်မှုရှိခဲ့ပါသည်။ ပြည်အနီးတစ်ဝိုက်ဒေသများနှင့် မင်းတုန်း၊ ကံမမြို့နယ်များမှလည်း ကုန်းလမ်းနှင့် ရေလမ်းတို့မှ ဝင်ရောက်ခဲ့ကြပါသည်။ ဝယ်လိုအားအနေဖြင့် မန္တလေးဝယ်လက်သမားများ အဓိကဝယ်ယူမှုရှိကာ ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ ပဲဈေးနှုန်းအနေဖြင့် ပိဿာ (၂၀)ဝင် တစ်တင်းလျှင် ၅၄၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေရသည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများနှင့်နှိုင်းယှဉ်လျှင် ဈေးအေးနေသောပဲသီးနှံဖြစ်နေပါသည်။ အခြားပဲများမှာ ၂၀၂၃ခုနှစ်တွင် ဈေးကောင်းရနေသော်လည်း ပဲတီစိမ်းသီးနှံမှာမူ သီးနှံပေါ်စအချိန်မှ ယခုအချိန်ထိ ဈေးအေးခဲ့သောကြောင့် ပဲစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်လျော့ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)