ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ များရှိ အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီ (စားအုန်းဆီ)များကို နေ့စဉ် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။ ဆန်ရောင်းချမှုအနေဖြင့် မြို့မစည်ပင်သာယာဈေး၊ မြို့သစ်ဈေးနှင့် နဝဒေရပ်ကွက်များတွင် နေ့စဉ် နံနက်(၈)နာရီအချိန်မှ နံနက် (၁၁:၀၀) နာရီအချိန်ထိ တစ်ရက်လျှင် အနည်းဆုံး ဆန်(၁၀)အိတ်၊ တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရှိရပါသည်။ ဆီရောင်းချမှုအနေဖြင့် မြို့မစည်ပင်သာယာဈေး၊ မြို့သစ်ဈေးနှင့် ရပ်ကွက်/ ကျေးရွာများရှိ အခြေခံလူတန်းစားများသို့ နိုင်ငံတော်၏ ရည်ညွှန်းဈေးဖြစ်သော သက်သာသောဈေးဖြင့် ဆီ၊ စားအုန်းဆီများကို ပြည်ခရိုင်ဆီကုန်သည်အသင်းနှင့် ပြည်မြို့နယ်ဆီလုပ်ငန်းရှင်တို့က ဈေးကားများဖြင့် လှည့်လည်၍ တစ်ဦးလျှင် (၅၀)ကျပ်သားနှုန်း ဘူးခွံပါ တစ်ဘူးလျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် နေ့စဉ် လှည့်လည်ရောင်းချပေးနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)