မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် မိကျောင်းရဲ၊ တောင်တွင်းကြီး၊ သရက်၊ မင်းဘူး၊ မကွေးမြို့တို့မှ ကုန်စည်များမှာယူ၍ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရောင်းချလျက်ရှိ သော အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ဇီယာဆန်(၁)ပြည်လျှင် ကျပ်(၃၆၀၀)၊ ပေါ်ဆန်း(ဖျာပုံ) (၁)ပြည်လျှင် ကျပ်(၅၁၀၀)၊ ပေါ်ဆန်း(ရွှေဘို)(၁)ပြည်လျှင် ကျပ်(၆၅၀၀)၊ ဧရာပဒေသာ(၁)ပြည်လျှင် ကျပ်(၅၄၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ မျှင်ငပိ (၁)ပိဿာလျှင် ကျပ်(၆၄၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁) ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငရုတ်သီးခြောက် (ရှည်)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ချင်းတက်(၁)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ပုဇွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀ - ၉၀၀၀၀)၊ အိမ်သုံးဆား (၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာ လျှင် ကျပ်(၁၆၀၀-၂၀၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ပဲသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ မုန်လာဥနီ (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ မုန့်ညှင်း (၁) ပိဿာလျှင် ကျပ်(၂၈၀၀)၊ ရုံးပတီသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် ကျပ်(၁၅၀၀ -၁၇၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ကန်စွန်းရွက် (၁)စည်းလျှင် ကျပ်(၅၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၁၅၀)၊ ပြောင်းဖူး(သကြား) (၁)ဖူးလျှင် ကျပ် (၄၀၀)၊ ပြောင်းဖူး(ရိုးရိုး) (၁)ဖူးလျှင် ကျပ်(၃၅၀)၊ မြေပဲ (၁)ပြည်လျှင် ကျပ်(၁၀၀၀၀)၊ ကုလားပဲ(၁) ပြည်လျှင် ကျပ်(၁၀၀၀၀)၊ မောင်မခေါ်ပဲ (၁)ပြည်လျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၂၀၀၀၀)၊ မြစ်ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၃၈၀၀-၄၀၀၀)၊ ငုံးဥ(၁၀)လုံးလျှင် ကျပ်(၆၀၀) စသည်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)