၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် လက်ပံတန်းမြို့ (မြို့မ) ဈေးအတွင်းရှိ ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ် မှ ၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ ကျပ် ၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးမြစ်ချင်းခြစ် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ရေချို ပုစွန် (လတ်) တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်၊ ရေချိုပုစွန် (ကြီး) တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်၊ ရေချိုပုစွန် (လတ်) တစ်ပိဿာ ၄၀၀၀၀ကျပ်၊ ရေချို ပုစွန် (သေး) တစ်ပိဿာ ၃၀၀၀၀/ ကျပ်၊ ရေငန်ပုစွန် (သေး) တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ကင်းမွန် ၊ ပြည်ကြီးငါးဈေးနှုန်းများကတော့ ယခုလမှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ ကျပ်၊ ဈေးကျဆင်းသွားပါသည်။ ယခုလတွင် ငါးစရစ်ငါးများ ဈေးကွက်တွင်တွေ့ရပြီး ဈေးနှုန်းများကတော့ တစ်ပိဿာ ၂၀၀၀၀/မှ ၂၅၀၀၀ ကျပ်ရှိပြီး ငါးစလဲထိုးမှာ တစ်ပိဿာ ၃၀၀၀၀ ကျပ် ရောင်းချရကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)