ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၇၉၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။
ယခင်ဩဂုတ်လ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးမှာ ပိဿာ(၂၀) တစ်တင်းလျှင် (၇၅၅၀၀)ကျပ် သာရှိခဲ့ပြီး တတိယပတ်တွင် တစ်တင်းလျှင် (၇၇၀၀၀)ကျပ် စတုတ္တပတ်တွင် တစ်တင်း (၇၈၅၀၀) ကျပ် ဖြင့်ရောင်းဝယ်ခဲ့ပါသည်။ ယခု စက်တင်ဘာလ ပထမပတ်တွင် ပိဿာ(၂၀) တစ်တင်းလျှင် (၈၃၀၀၀) ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး ယခုဒုတိယပတ်တွင် (၇၉၀၀၀) ကျပ်ဈေး ပြန်လည်ကျဆင်းခဲ့ပြီး ဈေးအနိမ့်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်ကို တွေ့ရပါသည်။ ရောင်းဝယ်မှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ ပုံမှန်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ်၊ အိတ်(၂၀၀-၃၀၀)အထိ တင်ပို့နေရကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)