
ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းရွာများတွင် ခရမ်းချဉ်သီးကို မိုးလယ်ကာလတွင် စတင်စိုက်ပျိုး ပြီး မိုးနှောင်းကာလဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ဆွတ်ခူးရောင်းချသောကြောင့် ထိုအချိန် မှသာ ခရမ်းချဉ်သီး လှိုင်လှိုင်ပေါများသောအချိန်ဖြစ်သည်။
ယခုအခါတွင် ဒေသတွင်းခရမ်းချဉ်သီးဝင်ရောက်မှုနည်းပါးပြီး ရှမ်းပြည်နယ်၊ အင်းလေး၊ တောင်ကြီးနှင့် ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်မှ ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်၍ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ အင်းလေးသီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀-၁၄၀၀)၊ ကျောက်ပန်းတောင်းသီးတစ်ပိဿာလျှင် ကျပ် (၁၆၀၀-၁၈၀၀)ရှိခဲ့ပြီး ယခု စက်တင်ဘာလ(ဒုတိယပတ်)တွင် အင်းလေးမှလာသော ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၂၀၀)၊ ကျောက်ပန်းတောင်းသီးတစ်ပိဿာလျှင် ကျပ်(၂၄၀၀- ၂၆၀၀) ထိ ဈေးမြင့်တက်လျက်ရှိပါသည်။
တစ်နေ့လျှင် ပိဿာချိန်(၂၀၀၀-၃၀၀၀)ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပြီး သယ်ယူစရိတ် ကြီးမြင့်ခြင်းကြောင့် ခရမ်းချဉ်သီး ဈေးမြင့်တက်လာကြောင်း ရောင်းဝယ်သူများထံမှ သိရှိရပါသည်။
DOCA(မကွေး)