Languages

Main menu

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပဲတီစိမ်းစိုက်တောင်သူများသို့ GAP / GHP သင်တန်းပို့ချလျက်ရှိ

Powered by Drupal

သန်လျင်မြို့၊ ဒီဇင်ဘာလ (၆) ရက်

         ဥရောပသမဂ္ဂနိုင်ငံများသို့ Beans Sprouting အတွက် ပဲတီစိမ်းများစဉ်ဆက်မပြတ် တင်ပို့နိုင် ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲတီစိမ်းတင်ပို့သည့် ကုမ္ပဏီများစုပေါင်း၍ တောင်သူများ သို့ GAP/GHP သင်တန်းများပို့ချခြင်းကို ၂၀၁၄ ခုနှစ်မှ စတင်၍ နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး(၂၀၂၁ - ၂၀၂၂) ပဲတီစိမ်းရာသီအတွက် ပဲစိုက်တောင်သူများသို့ သင်တန်းပို့ချခြင်းအား ( ၃.၁၂.၂၀၂၁ ) ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး၊ သန်လျင်မြို့ နယ်၌လည်းကောင်း၊(၆.၁၂.၂၀၂၁) ရက်နေ့နံနက်ပိုင်းတွင်သုံးခွမြို့နယ် လက်ပံကျေးရွာ၌လည်း ကောင်း ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာမှ တောင်သူဦးရေ (၄၃) ဦး တက်ရောက်ခဲ့ပြီး သုံးခွမြို့နယ် ကျေးရွာ(၁၇) ရွာမှ တောင်သူဦးရေ (၆၉)ဦးတက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)