Main menu

မကွေးမြို့ပေါ်၌ ရောင်းချလျက်ရှိသော စားဖိုးဆောင်အခြေခံစားသောက်ကုန်၊ စက်သုံးဆီ၊ စားသုံးဆီနှင့် ရွှေဈေးနှုန်းများအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ စပါးအဓိကစိုက်ပျိုးထွက်ရှိသော ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဆန်များဝင်ရောက်လျက်ရှိပြီး စားဖိုဆောင်သုံးသီးနှံများကို မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့ပြင် ရေထွက်ပစ္စည်းများကို ရန်ကုန်၊ ဘုရင့်နောင်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင် မွေးမြူထားသော တီလားဗီးယား၊ ငါးဖန်းမ၊ ငါးများကိုအခြောက်လှန်း၍ ၎င်းငါးများကို ငါးဆားနယ်အဖြစ်လည်းကောင်းပြုလုပ်၍ လာရောက်ရောင်းချကြကြောင်းလည်းသိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် မကွေးမြို့ပေါ်၌ ရောင်းချလျက်ရှိသော ဆန် ဈေးနှုန်းမှာ ပေါ်ဆန်းဆန်(ရွှေဘို)(၁)အိတ်လျှင် ကျပ်(၁၅၇၅၀၀)၊  ပေါ်ဆန်းဆန်(ဖျာပုံ)(၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၃၉၀၀၀)၊ ဧည့်မထ(၁)အိတ်လျှင် ကျပ်(၉၈၀၀၀)၊  စားသုံးဆီဈေးနှုန်းမှာ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ နေကြာဆီ(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၈၀၀-၅၂၀၀)၊ အသားငါးဈေးနှုန်းမှာ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ ငါးမြစ်ချင်း(အလတ်)(၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ ဝက်(အသား)(၁)ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ အမဲ(အသား)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဆိတ်(အသား)(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ အာဗြဲခြောက် (အလတ်)(၁)ပိဿာလျှင် ကျပ်(၃၃၀၀၀)၊ အာဗြဲခြောက် အကြီး(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၅၀-၃၀၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၃၅၀-၄၀၀)၊ စားဖိုဆောင်အခြေခံစားကုန်များမှာ ငရုတ်သီး(အရှည်)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငရုတ်သီး(အပု)(၁)ပိဿာလျှင် ကျပ် (၁၉၀၀၀)၊ ကြက်သွန်နီ(ဟောင်း)(၁)ပိဿာလျှင်(၄၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်)(၁)ပိဿာလျှင် ကျပ်(၉၅၀၀)၊ နနွင်း(၁)ပိဿာလျှင် ကျပ်(၆၅၀၀)၊ ချင်း(၁) ပိဿာလျှင် ကျပ်(၈၅၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် ကျပ် (၅၀၀၀)၊ မြေပဲဆံ(၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ ကုလားပဲခြမ်း(၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ အာလူး(၁) ပိဿာလျှင် ကျပ်(၃၅၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ စက်သုံးဆီဈေးနှုန်းမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၂၆၄၅)၊ Pre ဒီဇယ် (၁)လီတာလျှင် ကျပ်(၂၇၂၀)၊ Ron 92 (၁)လီတာလျှင် ကျပ်(၂၄၃၀)၊ Ron 95 (၁)လီတာလျှင် ကျပ်(၂၅၆၀)၊ 95 Mask (၁၀)ခုပါ (၁)ထုပ်လျှင် ကျပ်(၂၀၀၀)၊  ရိုးရိုး Mask (၅၀)ခုပါ (၁)ထုပ်လျှင် ကျပ်(၁၅၀၀)၊  ရွှေဈေးနှုန်းမှာ (၁၄)ပဲရည်(၁)ကျပ်သားလျှင် ကျပ် (၃၃၄၀၀၀၀)၊ (၁၅) ပဲရည်(၁)ကျပ်သားလျှင် ကျပ်(၃၃၆၀၀၀၀)၊ (၁၆)ပဲရည်(၁)ကျပ်သားလျှင် ကျပ် (၃၅၇၀၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၎င်းဈေးနှုန်းများမှာ စက်တင်ဘာလ (ပထမပတ်)နှင့်နှိုင်းယှဉ်လျှင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၅၄၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၀၀)၊ Pre ဒီဇယ်(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၆၂၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၀၀)၊ Ron 92 (၁)တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၃၀)၊ Ron 95 (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၄၁၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၅၀)အသီးသီးအနည်းငယ်ဈေးမြင့်တက်လျက်ရှိကာ ရွှေဈေးနှုန်းမှာ ယခင်အပတ်တွင် (၁၄)ပဲရည်(၁)ကျပ်သားလျှင် ကျပ်(၃၆၄၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀၀၀)၊ ယခင်အပတ်တွင် (၁၅)ပဲရည်(၁)ကျပ်သားလျှင် ကျပ်(၃၃၈၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၀၀၀၀)၊ ယခင်အပတ်တွင်(၁၆)ပဲရည်(၁)ကျပ်သားလျှင် ကျပ်(၃၆၄၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၀၀၀၀) ဖြင့် ရွှေဈေးနှုန်းများကျဆင်းလျက်ရှိကာ စားအုန်းဆီဈေးနှုန်းမှာလည်း ယခင်အပတ်တွင် ကျပ်(၆၂၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၀၀၀-၁၄၀၀)ဈေးအနည်းငယ်ကျဆင်းနေကာ ကျန်ဈေးနှုန်းများမှာ သိသိသာသာပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေပါကြောင်းသိရှိရပါသည်။

DOCA(မကွေး)