အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ စက်တင်ဘာလ(၁၃)ရက်နေ့မှ စက်တင်ဘာလ(၁၉)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါ သည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ) ကျပ် ၈၀၀ မှ ၂၂၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၃၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၂၀၀ မှ ၂၅၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၃၈၀၀ မှ ၄၈၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၅၀၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၈၀၀ မှ ၂၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၀၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၄၀၀ မှ ၃၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၇၀၀၀ မှ ၉၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၇၃၀၀ မှ ၈၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၄၅၀၀ မှ ၆၀၀၀ အတွင်း၊ ဆလပ်ရွက် (စည်း) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၀ မှ ၁၅၀ အတွင်း၊ ခရမ်းသီး (ရှည်) (ပိဿာ)ကျပ် ၈၀၀ မှ ၂၀၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၈၀၀ မှ ၁၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်းနှင့် တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၂၃၉၁၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၂၈၅၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၅၂၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၁၇၅၄၀)ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း (၅၇၈၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၄၄၉၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း (၈၂၈၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၅၃၀၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။
DOCA(ရန်ကုန်)