ယခုအခါ မိုးရာသီကာလဖြစ်သည့်အတွက် ရာသီတုပ်ကွေးရောဂါများ အများအပြားဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါသည်။ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများကို ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြပါသည်။ အိမ်သုံးဆေးဝါးများမှာ စက်တင်ဘာလ(ပထမပတ်)နှင့် (ဒုတိယပတ်)တို့တွင် စျေးနှုန်းအတက်အကျရှိကြောင်းသိရှိရပါသည်။
မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့် အိမ်သုံးအားဆေးများ၏စျေးနှုန်းများမှာ Decolgen (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၅၅၀)၊ Civit အလုံး(၁၀၀)ပါ တစ်ဘူးလျှင် ကျပ်(၂၈၅၀)၊ Paracetamol (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၄၀၀)၊ Biogesic (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၁၀၀၀)၊ Amoxicillin အလုံး(၁၀၀)ပါ တစ်ဘူးလျှင် ကျပ် (၅၇၀၀)၊ Burmeton အလုံး(၁၀၀) ပါ တစ်ဘူးလျှင် ကျပ်(၁၆၀၀)၊ Cetrine(၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၂၀၀)၊ Enervon-C (၄)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၅၀၀)၊ Oramin-G(၅)လုံးပါ တစ်ကတ်လျှင် ကျပ်(၃၃၀၀)၊ Becozinc (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၄၃၅၀)၊ Vitahome (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၈၅၀)၊ Supradyn (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၁၉၅၀)၊ SaRa (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၁၁၀၀)၊ Vitacee (၁၅)လုံးပါ တစ်ကတ်လျှင် ကျပ် (၄၆၀၀)၊ Flemex (၁၀) လုံးပါ တစ်ကတ်လျှင် ကျပ် (၃၈၀၀)၊ Solmux (၄) လုံးပါ တစ်ကတ်လျှင် ကျပ် (၁၁၅၀)၊ Woods (၁၅)လုံးပါ တစ်ကတ်လျှင် ကျပ် (၈၈၀၀)၊ Alexal(၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၂၁၅၀)၊ Mixagrip (၄)လုံးပါ တစ်ကတ်လျှင် ကျပ်(၇၅၀)၊ ဓာတ်ဆား MPF တစ်ထုပ်လျှင် ကျပ်(၃၅၀)တို့ဖြင့် အသီးသီးစျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။
DOCA(မကွေး)