Main menu

မကွေးမြို့၊ ကန်သာစျေး၌ ရောင်းချလျက်ရှိသော ပုစွန်ခြောက်၊ ငါးခြောက်စျေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးမြို့တွင် ရန်ပယ်စျေး၊ မြို့မစျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ဆည်မြောင်းစျေး၊ အခွန်လွတ်စျေးတို့ရှိကြပြီး ကန်သာစျေးသို့ မြင်းခင်းကျေးရွာ၊ ချောင်းဖြူကျေးရွာ၊ မကျီးကန်ကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ အဓိကရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ထို့ပြင် မကွေးမြို့၊ ကန်သာစျေးသို့ ရေထွက်ပစ္စည်းများကို ရန်ကုန်၊ ဘုရင့်နောင်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင်မွေးမြူထားသော တီလာဗီးယား၊ ငါးဖန်းမငါးများကိုအခြောက်လှန်း၍ ၎င်းငါးများကို ငါးဆားနယ်အဖြစ်လည်းကောင်းပြုလုပ်၍ လာရောက်ရောင်းချကြကြောင်းသိရှိရပါသည်။

   မကွေးမြို့၊ ကန်သာစျေး၌ ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)အတွင်း ရောင်းချလျက်ရှိသောကုန်စျေးနှုန်းများမှာ ပုစွန်ခြောက်ကြီး(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)၊ ပုစွန်ခြောက်အလတ် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ပုစွန်ခြောက်အသေး(၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)၊ ငါးနီတူခြောက် (၁)ပိဿာလျှင်ကျပ်(၁၇၀၀၀)၊ ငါးကွန်းရှပ်(၁)ပိဿာလျှင်ကျပ်(၄၃၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)၊ ငါးရံ့လုံး (၁)ပိဿာလျှင် ကျပ်(၄၅၀၀၀)၊ ငါးမဲလုံး (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးကြီးခြောက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)၊ ငါးဖန်းဝိုင်း(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးမင်းသားခြောက်(၁)ပိဿာလျှင် ကျပ်(၂၇၀၀၀)၊ ငါးဖောင်ရိုးခြောက်(၁)ပိဿာလျှင် ကျပ်(၂၃၀၀၀-၃၂၀၀၀)၊ ငါးခူငါးပိကောင်(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)