မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီလက်ကားစျေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)နှင့် (ဒုတိယပတ်) စက်သုံးဆီစျေးနှုန်းများမှာ ဓာတ်ဆီ(92) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၃၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၃၈၀)ဖြစ်၍ ကျပ်(၅၀) ဈေးမြင့်ခဲ့ကြောင်း၊ ဓာတ်ဆီ(95)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၄၃၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၄၉၀)ဖြစ်၍ ကျပ်(၅၅)ဈေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၆၈၀)ဖြစ်၍ ကျပ်(၁၈၀)ဈေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၅၇၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၆၈၅)ဖြစ်၍ ကျပ်(၁၁၀) စျေးနှုန်းအသီးသီးမြင့်တက်လျက်ရှိပြီး စက်သုံးဆီလက်ကျန်အနေဖြင့် နေ့စဉ် လည်ပတ်ရောင်းချနိုင်ရန်အလို့ငှာ ကျန်ရှိနေကြောင်းနှင့် စက်သုံးဆီစျေးနှုန်းအနည်းငယ်မြင့်တက်လာသဖြင့် ဆိုင်များအနေဖြင့် နေ့စဉ် ရောင်းချရသည့်အရေအတွက်ထက် အနည်းငယ်ရောင်းအားကျလာကြောင်း လေ့လာသိရှိရပါသည်။
DOCA(မကွေး)