Main menu

ညောင်တုန်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ဆောင်ရွက်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၆.၁၂.၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မဲဇလီကျေးရွာ ကာလမ်းဘေးရှိ Kyaw San(023) စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် အရောင်းဆိုင်များ၌ (၂၀လီတာ) စံကွက်များနှင့်အညီ ကိုက်ညီစွာ ရောင်းချမှုရှိမရှိ ရောင်းဝယ်မှုအခြေအနေများအား တွေ့ဆုံမေးမြန်း စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)