မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေး၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးသီးနှံဈေးနှုန်းများမှာ ဧရာပဒေသာဆန်(၁) အိတ်လျှင် ကျပ်(၉၅၀၀၀-၁၅၀၀၀၀)၊ မနောသုခဆန်(၁)အိတ်လျှင် ကျပ်(၈၀၀၀၀-၉၀၀၀၀)ဖြစ်ပြီး စက်တင်ဘာလ(ဒုတိယပတ်)တွင် ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀-၁၅၀၀၀၀)၊ မနောသုခဆန်(၁)အိတ်လျှင် ကျပ်(၈၅၀၀၀-၉၀၀၀၀)ဖြစ်ကြောင်း ယခုအပတ်တွင် ဈေးအနည်းငယ်ငြိမ်နေကြောင်း ရောင်းချနေသောဆန်ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။
ကြက်သွန်နီများကို ရေနံချောင်းမြို့နယ်၊ ပင်းချောင်းတစ်လျှောက်ရှိကျေးရွာများနှင့် ပွင့်ဖြူ(မဲဇလီ)၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များမှထွက်ရှိသော ကြက်သွန်နီများကိုဝယ်ယူရောင်းချကြောင်းနှင့် စက်တင်ဘာလ (ဒုတိယပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၃၀၀)ဖြစ်ပြီး စားဖိုဆောင်သီးနှံကြက်သွန်ဖြူ (ကြူကုတ်)(၁)ပိဿာလျှင် ကျပ်(၈၈၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်ခြောက်(၁) ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ချင်း(၁)ပိဿာလျှင် ကျပ်(၆၅၀၀)၊ ဆားကြမ်း(၁)ပိဿာလျှင် ကျပ်(၅၀၀)၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် ကျပ်(၃၅၀၀)ဖြစ်ကြောင်း၊ ယခင်အပတ်ထက် ဈေးအနည်းငယ်ငြိမ်နေကြောင်း၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁) ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀) ရောင်းချရကြောင်း ရောင်းချနေသောဈေးသည်တစ်ဦးထံမှသိရှိရပါသည်။ အသားများကို သတ်မှတ်ထားသောရည်ညွှန်းဈေးအတိုင်း ရောင်းချရကြောင်းလည်း ဈေးသည်ထံမှသိရှိရပါသည်။
DOCA(မကွေး)