ဂန့်ဂေါခရိုင်၊ မြို့မစည်ပင်သာယာဈေးတွင် အနီးအနားရှိ ကျေးရွာများဖြစ်သော ဇာဟော၊ စိုင်ဒူးရွာတို့မှ ဟင်းသီးဟင်းရွက်များနှင့် ပခုက္ကူ၊ မန္တလေးမြို့တို့မှ အသားငါးများအား ကုန်သည်များ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ဂန့်ဂေါမြို့၊ မြို့မစည်ပင်သာယာဈေး၌ ရောင်းချနေသော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင်ကျပ် (၁၃၅၀၀၀)၊ ဝန်ကြီးဧရာမင်း(၁)အိတ်လျှင် ကျပ် (၁၃၀၀၀၀)၊မနောသုခ(၁)အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ဆီဈေးနှုန်းများမှာ ပဲဆီ(၁)ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပဲရောဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ နေကြာဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ စားဖိုဆောင်သုံးသီးနှံများမှာ ကြက်ဥ(၁၀)လုံးလျှင် ကျပ် (၃၂၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်သီးခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ချင်း(ဂျင်း)တက်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၉၀၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၈၅၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကန်စွန်းရွက်(၁)စီးလျှင် ကျပ်(၁၅၀)၊ အသားငါးဈေးနှုန်းများမှာ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ် (၂၀၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးမုတ်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးမြစ်ချင်း(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀) တို့ဖြစ်ကြောင်း မြို့မစည်ပင်ဈေးသည်များထံမှသိရှိရပါသည်။
DOCA(မကွေး)