၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်မှစတင်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှဝယ်ယူရရှိသော စားအုန်းဆီများအား မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အဝေရာလမ်းနှင့် သစ်တောလမ်းထောင့်၌ အိမ်ထောင်စု(၁၁၀၀)စုအတွက် စားအုန်းဆီ(၁၁၀၀)ပိဿာ၊ မြို့ဟောင်းရပ်ကွက်၊ ဗိုလ်ကုန်းကျောင်းအတွင်း၌ အိမ်ထောင်စု(၁၁၈၀)စုအတွက် စားအုန်းဆီ(၁၁၈၀)ပိဿာ၊ ရွာသစ်ပွဲကြို(၁၅)လမ်း နှင့် နတ်မောက်လမ်းထောင့်၌ အိမ်ထောင်စု(၆၈၀)စုအတွက် စားအုန်းဆီ(၆၈၀)ပိဿာရောင်းချပေးခဲ့ရာ စုစုပေါင်းအိမ်ထောင်စု (၂၉၆၀)၊ စားအုန်းဆီ(၂၉၆၀)ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ရောင်းချပေးရာတွင် စနစ်တကျရှိစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မကွေးတိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင်များပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စားအုန်းဆီရောင်းချရာနေရာများသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်သီရိပျံချီဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)