မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ကျေးရွာနေအခြေခံလူတန်းစားပြည်သူများသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှု၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် မြို့သစ်မြို့နယ်ဆီကုန်သည်များအသင်းနှင့် ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများအား စားအုန်းဆီစျေးနှုန်းချိုသာစွာဝယ်ယူစားသုံးနိုင်စေရေးအတွက် ဆက်လက်ရောင်းချပေးခြင်းကို (၁၅-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွက်သစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းပေါ်ရှိ “စိန်ရတနာ”ဆီစက်နှင့် ဆီရောင်းဝယ်ရေး၌ ရောင်းချပေးခဲ့သည်။
အဆိုပါ စားအုန်းဆီများကို စျေးကွက်အတွင်း ပြန့်နှံရောက်ရှိစေရန်နှင့် စားသုံးသူများသက်သာသောစျေးဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၈၀၀)ဖြင့် မြို့သစ်မြို့နယ်အတွင်း ကျေးရွာများတွင် နေထိုင်လျက်ရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၇၇၀)စုအတွက် စားအုန်းဆီဆီပိဿာချိန် (၇၇၀)ပိဿာကို ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)