Languages

Main menu

မအူပင်မြို့နယ်တွင် ဆန်စပါးဈေးကွက် အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

        မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ၊ ပထမပတ်အတွင်း မအူပင်မြို့နယ်၊ ရေလဲလမ်းတစ်လျှောက်ရှိ ဆန်စက်များဖြစ်သော ဝင်းသိင်္ဂီ၊ စိန်သီဟ၊ နိုင်းဝမ်းတူး၊ ကျော်ပဒေသာနှင့် ထိန်ထိန် လင်းဆန်စက်များသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မအူပင်မြို့နယ်ရှိ ကျေးရွာအုပ်စု(၇၆)အုပ်စုမှ စပါးများပြိုင်တူပေါ်ချိန်ဖြစ်ပြီး ရိတ်သိမ်းနယ် လှေ့ရောင်းချမှုများသော ဆင်းသုခစပါးနှင့် ကရင်မစပါးတို့မှာ စက်အရောက်ဈေး စပါးတင်း(၁၀၀)ကျပ်လျှင် (၇သိန်း)ဝန်း ကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နှံကားစပါးမျိုးမှာ အခုရက်အနည်းငယ်မှစတင်၍ ဈေးကွက် အတွင်းရောက်ရှိလာပြီး စပါးတင်း(၁၀၀)လျှင် ကျပ် (၆သိန်း၂သောင်း)ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိခဲ့ရပါသည်။

     ရေလဲလမ်းရှိ ဆန်စက်များသို့ ကွင်းဆင်းရောက်ရှိချိန်တွင် ဆန်စက်ပိုင်ရှင်များ၏ ပြောပြချက် အရ ဆင်းသုခနှင့် ကရင်မဆန်ဈေးမှာ တစ်အိတ်လျှင် ကျပ်(၂၄၀၀၀/-)ဈေး ရရှိနေပြီး နှံကားဆန် တစ်အိတ်လျှင် ကျပ်(၂၂၅၀၀/-)ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)