မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသမှ အဓိကစိုက်ပျိုးထုတ်လုပ်သော ပဲစဉ်းငုံနီ၊ ပဲတီစိမ်း၊ ကုလားပဲမျိုးစုံ၊ ပဲနီပြား၊ ထောပတ်ပဲ၊ ပဲလွန်း၊ တခြားပဲနှင့် နှမ်းမျိုးစုံများအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ပဲမျိုးစုံကုန်စည်ဒိုင်ပြတ်ဈေးမှာ ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ်(၁၀၂၀၀၀-၁၂၇၀၀၀)၊ ကုလားပဲဝါလုံးကြီး( 929 )တစ်တင်းလျှင် ကျပ် (၈၉၀၀၀)၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးကိုလိုက်၍ တစ်တင်းလျှင် ကျပ်(၄၀၀၀၀-၅၅၀၀၀)၊ ပဲတီစိမ်း -သေးတစ်တင်းလျှင် ကျပ် (၄၀၀၀၀-၅၈၅၀၀)၊ ကုလားပဲဖြူလုံးကြီး(v6)တစ်တင်းလျှင် ကျပ် (၉၄၀၀၀)၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ်(၅၄၀၀၀-၅၅၀၀၀)၊ နှမ်းညိုတစ်တင်းလျှင် ကျပ်(၁၀၃၀၀၀)၊ နှမ်းနီ(ယော)တစ်တင်းလျှင် ကျပ်(၁၀၁၀၀၀)၊ နှမ်းဝါ(ယော)တစ် တင်းလျှင် ကျပ်(၁၀၇၀၀၀)၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ကျပ်(၇၈၀၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။
ယခုအပတ်၏ အရောင်းအဝယ်ဖြစ်မှုမှာ ပဲစဉ်းငုံနီ(၇၀၀)အိတ်၊ ကုလားပဲဝါလုံးကြီး(929) (၃၀၀)အိတ်၊ ကုလားပဲဝါလုံးကြီး(၂၅၀)အိတ်၊ ပဲတီစိမ်းသေး(၂၅၀၀)အိတ်၊ ကုလားပဲဖြူလုံးကြီး (v6) (၃၀၀)အိတ်၊ ပဲဇီးကွက်(၅၀၀)အိတ်၊ နှမ်းညို(၁၄၀၀)အိတ်၊ နှမ်းနီ(ယော)(၁၈၀၀)အိတ်၊ နှမ်းဝါ (ယော)(၁၀၀၀)အိတ်၊ မန်ကျည်းသီးမှည့်ကုန်ချိန်(၃၀၀၀) တို့အရောင်းအဝယ်ဖြစ်နေပါသည်။
ပဲနှမ်းတင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကတင်ပို့ပြီး ယခုအပတ်တွင် ပဲတီစိမ်းမှာ အများဆုံးဖြစ်ပြီး တခြားပဲများမှာ ပဲယင်း၊ ကုလားပဲအမျိုးမျိုးနှင့် နှမ်းညိုများတင်ပို့လျက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှသိရှိရပါသည်။
DOCA(မကွေး)