Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၁၃-၉-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀-၃၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၁၉-၉-၂၀၂၃) ရက်နေ့တွင် ကျပ်(၂၆၀၀၀၀-၃၂၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးလျော့ခဲ့ပါသည်။ နှမ်းနီ ယခင်အပတ် တွင် ကျပ်(၂၈၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်၍ ကျပ်(၁၅၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊   နှမ်းဖြူမှာ ယခုအပတ်တွင် ကျပ်(၃၀၀၀၀၀)ဈေးနှုန်းဖြင့် အနည်းငယ်ဝင်ရောက်လျက်ရှိကြောင်း၊ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၁၇၅၀)အိတ်၊ နှမ်းနီ (၂၈၀)အိတ်၊ နှမ်းဖြူ(၁၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရ ပါသည်။

    ပဲမျိုးစုံဈေးကွက်အနေဖြင့် ကုလားပဲ(မြကြေး)မှာ (၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ပါသည်။ ပဲတီစိမ်း ယခင်အပတ်တွင် ကျပ်(၄၈၀၀၀-၅၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၅၀၀၀-၆၀၀၀၀) ဖြစ်၍ ကျပ်(၂၀၀၀-၇၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၇၀၀၀)ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၇၉၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၉၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၃၀၀၀)၊ ပဲကြီး ယခင်အပတ်တွင် ကျပ်(၉၆၀၀၀-၁၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၆၀၀၀-၁၀၀၀၀၀)ဖြစ်၍ ဈေးနှုန်း ပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲတီစိမ်း(၁၉၀၀) အိတ်၊ မတ်ပဲ(၂၂၀)အိတ်၊ ကုလားပဲ(H-L)(၁၁၅၀)အိတ်၊ ကုလားပဲ(မြကြေး)(၉၀၀)အိတ်၊ ပဲကြီး(၃၆၀) အိတ်တို့အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    မြေပဲလုံးဆန်ဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၂၀၀-၆၄၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၆၀၀-၆၇၀၀)ဖြစ်၍ ကျပ်(၃၀၀-၄၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစို (၁)တင်းလျှင် ယခင် အပတ်တွင်  ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၈၀၀၀-၂၂၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့်  မြေပဲလုံးဆန်ဖြူ(၅၅၀)အိတ်၊ မြေပဲ လုံးဆန်နီ(၂၅၀)အိတ်၊ မြေပဲတောင့်အစိုတင်း(၄၇၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ နှမ်းဖြူနှင့် မြေပဲလုံးဆန်နီမှာ အနည်းငယ်ဝင်ရောက်လျက်ရှိပြီး အခြားသီးနှံများမှာ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)