မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
ပခုက္ကူမြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၅)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာ(ပထမပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ကျပ်(၂၃၂၅)၊ 95 တစ်လီတာလျှင် ကျပ်(၂၄၄၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၅၃၀)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၆၀၅) ဈေးနှုန်းတို့းဖြင့် ရောင်းချခဲ့ပါသည်။
စက်တင်ဘာလ(ဒုတိယပတ်) စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ကျပ်(၂၄၃၀)၊ 95 တစ်လီတာလျှင် ကျပ်(၂၅၆၀)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၆၄၅)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၇၂၀) ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။
စက်တင်ဘာ(ပထမပတ်)နှင့်(ဒုတိယပတ်)ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် 92 တစ်လီတာလျှင် ကျပ်(၁၀၅)၊ 95 တစ်လီတာလျှင် ကျပ်(၁၁၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၁၁၅)၊ ပရီမီယမ်ဒီဇယ်ဈေးမှာ ကျပ်(၁၁၅) ဈေးနှုန်းတို့ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။
DOCA(မကွေး)