Main menu

စက်တင်ဘာလ (ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၁၆)ရက်နေ့ထိ (ဒုတိယပတ်)အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၁)သောင်းခွဲခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခန့်၊ ကုန်စည်ဒိုင်တွင်ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည် စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ(၂)သိန်းခန့် စီးဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

     ယခု စက်တင်ဘာလ(ဒုတိယပတ်)အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ  (ရှယ်) ကျပ်(၂၇၀၀ မှ ၃၀၀၀)၊ အလတ်စ ကျပ်(၂၅၀၀ မှ ၂၆၀၀)၊ အနိမ့်ဈေး ကျပ်( ၂၂၀၀ မှ ၂၄၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်တစ်ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၃၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ (ရှယ်) ကျပ်(၁၀၀)၊ အလတ်စနှင့် အသေးစ ကျပ်(၂၀၀) ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

     ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးစီးဆင်းလျက်ရှိပြီး ပြည်ပတင်ပို့မှုနည်းကြောင်း ကြက်သွန်နီဈေးကွက်မှသိရှိရသည်။ ယခုစက်တင်ဘာလ (ဒုတိယပတ်)အတွင်း ကြက်သွန်နီစုစုပေါင်း ပျမ်းမျှပိဿာ(၂)သိန်းခန့်၊ (၇၄၀၇)အိတ်၊ တန်ချိန် (၃၂၆)ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ဆိပ်ဖြူကြက်သွန်နီမှာ ပြည်ပဝယ်လိုအားနည်း၍  ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။  

DOCA(မကွေး)