Main menu

ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၌ စားသုံးသူရေးရာဦးစီးဌာနမှ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော ရည်ညွှန်းဈေးအပေါ် အခြေခံ၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

    (၁၂-၉-၂၀၂၃)ရက်နေ့တွင် အနောက်ပိုင်းရပ်ကွက်ရှိ ဆယ်မျက်နှာဘုန်းကြီးကျောင်းဝန်းအတွင်း၌ အိမ်ထောင်စု(၃၀၀)စုအတွက် စားအုန်းဆီပိဿာ(၃၀၀)၊ (၁၃-၉-၂၀၂၃)ရက်နေ့တွင် ယောဝရပ်ကွက်ရှိ ပုပ္ဗါရုံဘုန်းကြီးကျောင်းဝန်းအတွင်း၌ အိမ်ထောင်စု(၃၇၁)စုအတွက် စားအုန်းဆီပိဿာ(၃၇၁)၊ (၁၄-၉-၂၀၂၃)ရက်နေ့တွင် အလယ်ပိုင်းရပ်ကွက်ရှိ ရတနာဘုံကျော်ဘုန်းကြီးကျောင်းဝန်းအတွင်း၌ အိမ်ထောင်စု(၅၄၀)စုအတွက် စားအုန်းဆီပိဿာ(၅၄၀)နှင့် (၁၅-၉-၂၀၂၃)ရက်နေ့တွင် ရွာသစ်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းအတွင်း၌ အိမ်ထောင်စု(၄၀၁)စုအတွက် စားအုန်းဆီပိဿာ(၄၀၁)ကို နေ့စဉ် နေ့လယ်(၁၃:၀၀)နာရီမှစ၍ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၄၇၀၀)နှုန်းဖြင့် စားသုံးသူပြည်သူများအား အလှည့်ကျတန်းစီစနစ်ဖြင့် ရောင်းချပေးမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)