Main menu

ပခုက္ကူမြို့မစည်ပင်သာယာဈေးရှိ အာလူးသီး၊ ကြက်သွန်ဖြူ၊ ချင်းတက်နှင့် နနွင်းတက်များ၏ဈေးနှုန်းဈေးကွက်

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်မြို့မစည်ပင်သာယာဈေးတွင် ရှမ်းပြည်နယ်၊ တောင်ကြီး၊ အင်းလေး၊ အောင်ပန်းဘက်တို့မှလာ‌သော အာလူး၊ ကြက်သွန်ဖြူ၊ နနွင်းတက်၊ ချင်းတက်၊ ရခိုင်ပြည်နယ်၊ စစ်တွေဘက်မှလာသော အာလူး၊ ကမ္မမြို့နယ်ထွက်အာလူးများနှင့် ယောနယ်ဒေသမှထွက်ရှိသော ကြက်သွန်ဖြူ၊ နနွင်းတက်တို့အရောင်းဝယ်ဖြစ်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ရောင်းချလျက်ရှိသောဈေးနှုန်းများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ အင်းလေးမှထွက်ရှိသော အာလူးအလုံးအရွယ်အစားကိုလိုက်၍ အလုံးကြီးတစ်ပိဿာလျှင် ကျပ်(၂၆၀၀)၊ အလတ်လုံးကြီးတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အငယ်လုံးသေးတစ်ပိဿာလျှင် ကျပ် (၂၂၀၀-၂၃၀၀-၂၄၀၀)၊ ကမ္မနယ်မှထွက်ရှိသော အာလူးတစ်ပိဿာလျှင် ကျပ်(၂၃၀၀-၂၅၀၀)၊ ရခိုင်ပြည် နယ်စစ်တွေဘက်မှလာသော အာလူးတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ရှမ်းပြည်နယ်မှလာသော ချင်း(ဂျင်း) တက်တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၅၅၀၀-၆၀၀၀)၊ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၇၅၀၀-၈၀၀၀)၊ ယောနယ်ဒေသမှထွက်ရှိသော ကြက်သွန်ဖြူ(ဗမာ)အလုံးအရွယ်အစားကိုလိုက်၍ အလုံးကြီးတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အလတ်လုံးကြီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ အငယ်လုံးသေးတစ်ပိဿာလျှင် ကျပ်(၈၅၀၀-၉၀၀၀-၉၅၀၀)၊  နနွင်းအတက်တစ်ပိဿာလျှင် ကျပ်(၇၅၀၀-၈၀၀၀)ဖြင့် ရောင်းချနေကြောင်း မြို့မဈေးသည်များနှင့် အမှတ်(၂)ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)