Main menu

သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်ရှိ ကုန်စုံဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ သရက်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်နှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် စားသုံးသူဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၁၇-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသည့် ကုန်စည်များကိုသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်မှထုတ်ပြန်ထားသည့် (၂/၂၀၁၉)အရ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသည့်ကုန်စည်များကိုသာ ဦးစားပေးရောင်းချစေရန် ကုန်စုံဆိုင်ပိုင်ရှင်များအားပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)