စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၁၈-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း အပတ်စဉ်ဆောင်ရွက်လျက်ရှိသည့် Plastic Campaign တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသားငါးရောင်းချနေသော ဈေးတန်းတစ်လျှောက်နှင့် အသီးအရွက်ကုန်စိမ်းရောင်းချသူများအား ပလတ်စတစ်လျှော့ချအသုံးပြုစေရေး အင်ဖက်အစားထိုးအသုံးပြုစေရေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ပြီး သရက်မြို့၊ မြို့မစည်ပင်ဈေးအတွင်း (၁၈-၉-၂၀၂၃)ရက်နေ့တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းတို့ကိုမေးမြန်းရာတွင် ပုသိမ်ပေါ်ဆန်းမွှေးဆန်(၁)ပြည်လျှင် ကျပ်(၅၀၀၀-၆၀၀၀)၊ ဧရာပဒေသာ(ပုသိမ်)တစ်ပြည်လျှင် ကျပ်(၅၀၀၀)၊ မနောသုခတစ်ပြည်လျှင် ကျပ်(၃၅၀၀)၊ မှော်ဘီတစ်ပြည်လျှင် ကျပ်(၃၆၀၀-၃၇၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၆၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၅၀၀-၂၈၀၀)၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင် ကျပ်(၈၄၀၀-၈၆၀၀)၊ ကြက်သွန်နီ (အကြီး၊ အလတ်၊ အသေး) (၁)ပိဿာလျှင် ကျပ်(၂၅၀၀) မှ ကျပ် (၃၃၀၀)ထိ အမျိုးအစားအလိုက်ရှိပြီး ကုလားပဲခွဲခြမ်း (၁)ပိဿာလျှင် ကျပ်(၆၀၀၀-၆၃၀၀)၊ ငရုတ်စို (၁)ပိဿာလျှင် ကျပ်(၅၀၀၀-၅၅၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၄၀၀-၂၈၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် အကောင်အရွယ်အစားအလိုက် ကျပ်(၁၂၀၀၀-၁၅၀၀၀) ထိ ဈေးနှုန်းအသီးသီးရှိခဲ့ပြီး အာလူး၊ ကြက်သွန်ဖြူ၊ ငရုတ်(စို)၊ ခရမ်းချဉ်သီးတို့မှာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်လျော့ကျခဲ့ပြီး မိုးရာသီငရုတ်စိုများလှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်၍ ဈေးနှုန်းမှာ အနည်းငယ်လျော့ကျခဲ့ခြင်းဖြစ်ပါသည်။
သရက်မြို့မဈေးအတွင်းရှိ အသီးအရွက်နှင့် အသားငါးတို့ကို သရက်မြို့နယ်၊ အနီးတဝိုက်ရှိကျေးရွာများနှင့် အောင်လံမြို့တို့မှရရှိကြောင်း၊ ဆန်နှင့်ဆီတို့အား ရန်ကုန်၊ ပြည်၊ ဥသျှစ်ပင်မြို့တို့မှ ဝင်ရောက်လျက်ရှိပြီး နေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။
DOCA(မကွေး)