Main menu

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများလိုက်ပါ၍ စားအုန်းဆီရောင်းချနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်၊     ဒုတိုင်းဦးစီးမှူးများ၊ တိုင်းစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ပုသိမ်ခရိုင်၊ စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီနှင့် ဦးစီးမှူး ဒေါ်မိုးမိုးခိုင်တို့သည် ငှက်ပျောတန်းလမ်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များနှင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၊ နနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့မဈေးကြီးနှင့် ကုန်မျိုးစုံရောင်းချလျက်ရှိသောဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားအုန်းဆီတို့ကို သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားအုန်းဆီများဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူသုံးစွဲနိုင်ရန်သာမက လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ စားအုန်းဆီသာမက တခြားဟင်းသီးဟင်းရွက်ဆီများကို ကုန်ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးနှင့် ဆီကုန်သည်များအသင်းမှ လက္ကားဆီကုန်သည်များသို့ ဖြန့်ဖြူးရောင်းချပေးသည့်ဆီများကို မြို့ပေါ်၌ လက်လီ‌ရောင်းချနေသောကုန်စုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး ညွှန်ကြားထားခဲ့ကြပြီး လက်လီဈေးကွက်အတွင်း ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)